ကြက်ငှက်တုပ်ကွေး ကာကွယ်ဆေး ယူကေမှာ စတင်စမ်းသပ်

ဗီဒီယို ပုံစာ, ကြက်ငှက် တုပ်ကွေး ကာကွယ်ဆေး ယူကေမှာ စတင်
ကြက်ငှက်တုပ်ကွေး ကာကွယ်ဆေး ယူကေမှာ စတင်စမ်းသပ်
ရေးသားခဲ့သည်။

ယူကေမှာ ကြက်ငှက် တုပ်ကွေး ကာကွယ်ဆေးကို စေတနာဝန်ထမ်းတွေနဲ့ စတင် စမ်းသပ်ခဲ့ပါတယ်။ ကမ္ဘာတဝန်းမှာ ငှက်တွေကနေတဆင့် နို့တိုက်သတ္တဝါတချို့ဆီပါ ကူးစက်ပြန့်ပွားနေတဲ့ တုတ်ကွေးတမျိုးကို ကာကွယ်ဖို့ အတွက် ရည်ရွယ်ထုတ်လုပ်ထားတာလို့ ဆိုပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဒီတုတ်ကွေးက လူကို သိပ်အန္တရာယ်မပေးနိုင်ဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ ကြိုတင်ပြင်ဆင်ထားတာက မမှားဘူးလို့ ဆိုပါတယ်။ ဘီဘီစီသတင်းထောက် ဖားဂတ်စ် ဝါ့ရှ်က ပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။