ရွေးကောက်ပွဲမှာ ဆန္ဒမဲ ၁ မဲကို စနစ် ၂ မျိုးအတွက် ရေတွက်မယ်
ရွေးကောက်ပွဲမှာ ဆန္ဒမဲ ၁ မဲကို စနစ် ၂ မျိုးအတွက် ရေတွက်မယ်
အချိုးကျကိုယ်စားပြုစနစ်နဲ့ ကျင်းပမယ့် လွှတ်တော်ရွေးကောက်ပွဲတွေအတွက် မဲဆန္ဒရှင်တစ်ဦးဟာ မဲတစ်မဲသာ ပေးရမယ်လို့ စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန် လာပါတယ်။ အဲဒီ တစ်မဲဟာ နိုင်သူ အကုန်ယူစနစ်ရော၊ အချိုးကျကိုယ်စားပြု PRအတွက်ပါ ထည့်သွင်း ရေ တွက်မယ်လို့လည်း ဆိုပါတယ်။ ဒီတော့ လူတစ်ဦးပေးတဲ့ ဆန္ဒမဲကို စနစ်နှစ်မျိုး ရောနှောထားတဲ့ လွှတ်တော် ရွေးကောက်ပွဲမဲပေးမှုမှာ ဘယ်လိုရေတွက်မှာပါလဲ။ ဒီအပေါ်မှာ နိုင်ငံရေးပါတီတွေရဲ့ တုံ့ပြန်ချက်က ဘယ်လိုရှိပါသလဲ။ ကိုသန့်ဇင်က ပြောပြမှာပါ။



