ကိုးကန့်က ဟိုပန်နဲ့ပန်လုံသိမ်းပြီး ဝထံလွှဲပေး

ဗီဒီယို ပုံစာ, ၃၄ နှစ်ကြာ စစ်ကောင်စီ လက်အောက်ကနေ လွတ်မြောက်လာတဲ့ ဟိုပန်နဲ့ ပန်လုံ အကြောင်း
ကိုးကန့်က ဟိုပန်နဲ့ပန်လုံသိမ်းပြီး ဝထံလွှဲပေး

ဟိုပန်နဲ့ ပန်လုံဒေသ နှစ်ခုကို ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSAထံ လွှဲပြောင်းတဲ့အခမ်းအနားကို ဟိုပန်မြို့မှာ ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။ ဒီဒေသနှစ်ခုလုံးဟာ မူလတည်းက UWSA ပိုင်ဆိုင်ခဲ့တဲ့ နေရာတွေဖြစ်ပြီး ၃၄ နှစ်အကြာမှ ပြန်လည်ရရှိခဲ့တာလို့လည်း ဆိုပါတယ်။ ဒီမတိုင်ခင် စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာရှိခဲ့တဲ့ ဒီဒေသတွေ ဝ လက်ထဲပြန်ရောက်ခဲ့တဲ့ အပေါ် စစ်ကောင်စီ ဘက်က ဘယ်လိုတုံ့ပြန်လာနိုင်ပါသလဲ။ ကိုရင်မောင်က ပြောပြမှာ ဖြစ်ပါတယ်။