ပန်းချီနဲ့ မှတ်တမ်းတင်ခံရတဲ့ အဘွား
ပန်းချီနဲ့ မှတ်တမ်းတင်ခံရတဲ့ အဘွား
ဝေလနယ်မှာ အဘွားတယောက် ဆိုင်တံခါးနဲ့ချိတ်ပြီး အပေါ်ကို ပါသွားခဲ့တဲ့ ပုံရိပ်တခုကို အဲဒီဖြစ်စဉ် ဖြစ်ခဲ့တဲ့ ဆိုင်ရဲ့ ရှေ့မှာ ပန်းချီနဲ့ ပြန်လည် ပုံဖော်ပေးထားပါတယ်။ အဲဒီအဘွား အန်း ဟျူးကို တံခါးက ဖြုတ်ပြီး ကယ်ခဲ့ရတဲ့ ဖြစ်စဉ် စီစီတီဗီ မှတ်တမ်းကိုလည်း ကမ္ဘာတဝန်းက လူသန်းပေါင်းများစွာ ကြည့်ရှုခဲ့ကြပြီး ဖြစ်ပါတယ်။ အခု ပန်းချီလက်ရာ ဖွင့်ပွဲမှာလည်း အဘွားက အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါတယ်။ မတ် မာရေးရဲ့သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။



