ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်
ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီးနဲ့ပစ်
တရုတ်စီမံကိန်းကြီးတွေတည်ရှိတဲ့ ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီက လက်နက် ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ကျေးရွာတချို့ မီးလောင်မှုတွေဖြစ်ပွားခဲ့ပါတယ်။ တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ အေအေအဖွဲ့တွေရှိနိုင်တယ်လို့ ယူဆတဲ့လူနေကျေးရွာတွေကို စစ်တပ်က အခုလိုတိုက်ခိုက်မှုတွေပြုလုပ်နေတာ ဖြစ်ပါတယ်။ သံတွဲမြို့နယ်အတွင်းမှာလည်း နှစ်ဘက်တပ်တွေအကြား တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးပစ်ခတ်သံတွေကို အဆက်မပြတ်ကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရခိုင်ပြည်နယ်က စစ်ရေး အခြေအနေတွေကို ကိုကျော်ဇေယျက ပြောပြပေးမှာပါ။



