မြန်မာ အခြေခံ လုပ်သားတွေရဲ့ လုပ်ခလစာ နည်းပါးမှု အခက်အခဲ
မြန်မာ အခြေခံ လုပ်သားတွေရဲ့ လုပ်ခလစာ နည်းပါးမှု အခက်အခဲ
မေလ ၁ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ပါ။ ဒါပေမဲ့ မြန်မာ နိုင်ငံမှာတော့ ကုန်စျေးနှုန်း ကြီးမြင့်မှုတွေ၊ ငွေကြေးဖောင်းပွမှုတွေကြောင့် အလုပ်သမားတွေဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အခြေခံလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြပေမဲ့လည်း ဘယ်သူမှ အရေးတယူ မရှိကြပါဘူး။ ဥပဒေထဲမှာ အခြေခံ လုပ်ခကို ၂ နှစ်တခါ ပြင်ဆင် သတ်မှတ်ပေးရမယ်လို့ ပါရှိပေမဲ့လည်း အနည်းဆုံး လုပ်ခ ၄၈၀၀ ကျပ် ကနေ အပြောင်းအလဲ မရှိတာ ၆နှစ် နီးပါး ရှိနေပါပြီ။ မမေခင် က ပြောပြပေးမှာပါ။



