ဂါဇာထဲ လူမှုကူညီရေး ပစ္စည်းတွေ ပေးနိုင်
ဂါဇာထဲက ပါလက်စတိုင်းတွေအတွက် ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ တင်လာတဲ့ ယာဉ်ပေါင်း ၁၀၀ ကျော် ဝင်ရောက်နိုင်ခဲ့ပြီး ကူညီကယ်ဆယ်ရေးပစ္စည်းတွေပေးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒါပေမဲ့ အဲဒီမှာ ငတ်မွတ်မှု ဘေးနဲ့ ကျန်းမာရေး ပြဿနာကြီးတွေ ကြုံမလာစေဖို့ အတွက်ဆို ဒီထက်မက လိုနေသေးတယ်လို့ ဆိုပါတယ်။ အဲဒီကားတွေ သတ်မှတ်ထားတဲ့ နေရာတွေကို ဝင်ရောက်လာကြချိန်မှာ ဆာလောင်မွတ်သိပ်နေကြတဲ့ ပါလက်စတိုင်းပြည်သူတွေ တိုးဝှေ့ ပြီး ကူညီကယ်ဆယ်ရေး ပစ္စည်းတွေ ရဖို့ ကြိုးစားခဲ့ကြပါတယ်။ နောက်ပြီး ဂျော်ဒန်နဲ့ ယူအေအီးတို့ကလည်း ကယ်ဆယ်ရေး ပစ္စည်းတွေကို လေကြောင်းကနေ ချပေးခဲ့ကြပါတယ်။ ပါလက်စတိုင်း အရပ်သားတွေကို ကယ်ဆယ်နိုင်ဖို့ မဟာမိတ်တွေ အပါအဝင် နိုင်ငံတကာက ဖိအားတွေ ပေးလာတဲ့နောက် အစ္စရေးဘက်က ပစ်ခတ်မှုတွေကို ခေတ္တဆိုင်းငံ့ပေးပြီး ကယ်ဆယ်ရေးစင်္ကြံဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘီဘီစီသတင်းထောက် ဂျိုး အင်ဝုဒ်ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။



