တရုတ် ထိပ်သီးအစည်းအဝေး မြန်မာနဲ့ တရုတ်၊ အိန္ဒိယတို့ ဆွေးနွေး
တရုတ် ထိပ်သီးအစည်းအဝေး မြန်မာနဲ့ တရုတ်၊ အိန္ဒိယတို့ ဆွေးနွေး
တရုတ်နိုင်ငံက ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SCO) ထိပ်သီး အစည်းအဝေးကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ် သမ္မတ၊ အိန္ဒိ ယ ဝန်ကြီးချုပ်တို့နဲ့ ပြီးခဲ့တဲ့ရက်တွေမှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့ အိမ်နီးချင်း နိုင်ငံတွေ ဖြစ်တဲ့ နိုင်ငံ နှစ်ခုစလုံးက သူတို့ရဲ့ နိုင်ငံရေး၊ စီးပွားရေး လိုလားချက်တွေကို ထုတ်ဖော်ခဲ့ကြသလို မြန်မာဘက်ကလည်း ဒီဇင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲအကြောင်းကို ရှင်းပြခဲ့ပါတယ်။ ဘယ်လို အကြောင်းအရာတွေ အဓိက ဆွေးနွေးခဲ့သလဲဆိုတာ ကိုကျော်ဇေယျ ဆက်ပြောပြပါမယ်။



