ရုရှားစစ်ဘက်ဆိုင်ရာအဖွဲ့ မြန်မာနိုင်ငံရောက်
ရုရှားစစ်ဘက်ဆိုင်ရာအဖွဲ့ မြန်မာနိုင်ငံရောက်
ရုရှားဖက်ဒရေးရှင်းနိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး ဦးဆောင်တဲ့ ရုရှားစစ်ဘက်ဆိုင်ရာအဖွဲ့ဟာ မြန်မာနိုင်ငံကိုရောက်နေပြီး ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်မယ့်ကိစ္စနဲ့ နျူစွမ်းအင်ဆိုင်ရာကိစ္စတွေကို မြန်မာဘက်က တာဝန်ရှိသူတွေနဲ့ဆွေးနွေးခဲ့ပြီး လက်မှတ်ရေးထိုးတာတွေ ဆောင်ရွက်နေပါတယ်။ အဲဒီထဲမှာ အချုပ်အခြာအာဏာနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းမှုတွေကို တန်ပြန်ခြင်းဆိုတဲ့ အချက်လည်းပါဝင်ပါတယ်။ ဒါက ဘယ်လိုအဓိပ္ပာယ်ဆောင်တာပါလဲ။ လူမြင်ကွင်းကနေ တစ်ပတ်ကျော်ပျောက်နေတဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ရော ရုရှားအဖွဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ရှိပါသလား။ ဒီအကြောင်း မစန္ဒာဝင်း ပြောပြမှာပါ။



