ဒေါ်နယ် ထရမ့် ရဲ့ နိုင်ငံခြားရေး မူဝါဒ
ဒေါ်နယ် ထရမ့် ရဲ့ နိုင်ငံခြားရေး မူဝါဒ
အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဒေါ်နမ့် ထရမ့် အနိုင်ရရှိခဲ့ပြီးနောက်မှာ ကမ္ဘာ့ နိုင်ငံ အသီးသီးက သူ့ကို ဂုဏ်ပြု ချီးကျူးခဲ့ကြပါတယ်။ အမေရိကန် သမ္မတသစ်ဟာ ယူကရိန်း အတွက် ငြိမ်းချမ်းရေး နဲ့ နီးစပ်အောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း သမ္မတ ဇယ်လန်းစကီးက ပြောကြားပါတယ်။ အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုကတော့ ဒေါ်နယ် ထရမ့် အနိုင်ရတာဟာ အစ္စရေး အတွက် ကောင်းမွန်တဲ့ အစပြုမှုဆိုပြီး ချီးကျူးပါတယ်။ ဥရောပ နိုင်ငံ ခေါင်းဆောင် တချို့ကလည်း အလျင်အမြန်ပဲ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုစကားတွေ ပြောခဲ့ကြပါတယ်။ ဒါပေမဲ့လည်း သူ သမ္မတ ဖြစ်လာတဲ့ အခါမှာ ဥရောပ လုံခြုံရေးအတွက် စိုးရိမ်စရာတွေ ရှိနေတဲ့ အကြောင်းလည်း ပြောဆိုကြပါတယ်။ ဘီဘီစီ သတင်းထောက် ဂျရမီ ဘိုဝင်ရဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြပေးထားပါတယ်။



