မရာ အဖွဲ့ နဲ့ အေအေ စစ်ဦးစီးချုပ် တွေ့ဆုံမှု ဘယ်လို အဓိပ္ပာယ် ဆောင်လဲ
မရာ အဖွဲ့ နဲ့ အေအေ စစ်ဦးစီးချုပ် တွေ့ဆုံမှု ဘယ်လို အဓိပ္ပာယ် ဆောင်လဲ
ချင်းပြည်နယ်တောင်ပိုင်းဒေသက လက်နက်ကိုင်အဖွဲ့တွေ ပေါင်းစည်းထားတဲ့ ချင်းညီနောင်အဖွဲ့ဝင် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ MTC/MDF နဲ့ အာရက္ခတပ်တော် အေအေရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ သီးခြားတွေ့ဆုံခဲ့ကြတယ်လို့ မရာအဖွဲ့က မနေ့ကထုတ်ပြန်ပါတယ်။
ရခိုင်အစပ်က ဧရာဝတီ၊ မကွေးနဲ့ ပဲခူးဘက်က PDF တပ်တွေနဲ့လည်း အေအေဟာ မဟာမိတ်ဆက်ဆံရေးတွေရှိနေပြီး သူ့ရဲ့မဟာမိတ်တပ်တွေအပေါ် စစ်ရေးဩဇာနဲ့ မဟာမိတ်ဆက်ဆံရေးကို ဘယ်လိုအဖွဲ့တွေနဲ့အဓိကထား တည်ဆောက်နေတာပါလဲ။ ဒီအကြောင်း မစန္ဒာဝင်းက ပြောပြပေးပါမယ်။



