ပုပ်ရဟန်းမင်းကြီးကို လူပေါင်း သိန်းနဲ့ချီ နောက်ဆုံး ဂါရဝပြု

ဗီဒီယို ပုံစာ, ပုပ်ရဟန်းမင်းကြီးကို လူပေါင်း သိန်းနဲ့ချီ နောက်ဆုံး ဂါရဝပြု
ပုပ်ရဟန်းမင်းကြီးကို လူပေါင်း သိန်းနဲ့ချီ နောက်ဆုံး ဂါရဝပြု

စိန့်ပီတာ ရင်ပြင်က ဘာစ္စလီကာ ဘုရားကျောင်းမှာပြသထားတဲ့ ပုပ်ရဟန်ုးမင်းကြီးရဲ့ ရုပ်ကလာပ်ကို နောက်ဆုံး အနေနဲ့ ဂါရဝပြု နှုတ်ဆက်ဖို့ လူအများဟာ တန်းစီ စောင့်ဆိုင်းနေကြပါတယ်။ မနက်ဖန်ကျရင် ရောမမြို့မှာ ကျင်းပမဲ့ စျာပန အခမ်းအနားကို ကမ္ဘာ့ ခေါင်းဆောင်၅၀ ကျော်နဲ့ ဘုရင် ၁၀ ပါးလောက် တက်ရောက်ကြမယ်လို့ ဗာတီကန်က အတည်ပြုပါတယ်။ အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဆာရာ ရိန်းဖို့ဒ် ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြပေးမှာပါ။