နောင်ချိုအနီး စစ်တပ်တွေရောက်
နောင်ချိုအနီး စစ်တပ်တွေရောက်
တအားန်တပ် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နဲ့ ၇ မိုင်အကွာ ကံကြီးရွာ အနီးထိ စစ်ကောင်စီ စစ်ကြောင်းတွေ ရောက်ရှိနေတယ်လို့ဒေသခံတွေက ပြောပါတယ်။ နောင်ချိုကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေအပြင် အခုတော့ ကုန်းလမ်းကနေပါ စစ်ကြောင်းတွေ ထိုးလာနေပါတယ်။ TNLA ကရော ဘယ်လိုတုံ့ပြန်ပါသလဲ။ ကိုဝေဖြိုးက ပြောပြပေးပါမယ်။



