ကား တင်သွင်းခွန် ၂၅ % သမ္မတ ထရမ့် တိုးမြှင့် ကောက်ခံ

ဗီဒီယို ပုံစာ, ကား တင်သွင်းခွန် ၂၅ % သမ္မတ ထရမ့် တိုးမြှင့် ကောက်ခံ
ကား တင်သွင်းခွန် ၂၅ % သမ္မတ ထရမ့် တိုးမြှင့် ကောက်ခံ

အမေရိကန်မှာ နိုင်ငံခြားက တင်သွင်းတဲ့ ကားတွေကို အခွန် ၂၅ ရာခိုင်နှုန်း ကောက်မယ်လို့ သမ္မတ ထရမ့်က ကြေညာပြီးနောက်မှာ ဒီလုပ်ရပ် အပေါ် ကုန်သွယ်ရေး မိတ်ဖက် နိုင်ငံတွေက ပြစ်တင် ဝေဖန်နေပါတယ်။ ဒါဟာ ကျယ်ပြန့်လာတဲ့ ကုန်သွယ်ရေး စစ်ပွဲထဲက နောက်ဆုံး ထွက်ပေါ်လာတဲ့ အခြေအနေ ဖြစ်ပါတယ်။ အခွန်နှုန်း တိုးမြှင့်မှုဟာ လာမယ့် ဧပြီလ ၃ ရက်နေ့မှာ စတင်အသက်ဝင်မှာပါ။ ဒီလုပ်ရပ်ကြောင့် အမေရိကန်ရဲ့ ကားထုတ်လုပ်ရေး လုပ်ငန်းကို တွန်းအားပေးမှု ဖြစ်စေပြီး အလုပ်အကိုင်နဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ သမ္မတ က ပြောဆိုပါတယ်။ ဘီဘီစီရဲ့ မြောက်အမေရိက ဆိုင်ရာ သတင်းထောက် မာလင်း သောမတ်စ်ရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။