ဂါဇာထဲ အကူအညီတွေ ဝေဟင်ကချပေး

ဗီဒီယို ပုံစာ, ဂါဇာထဲ အကူအညီတွေ ဝေဟင်ကချပေး
ဂါဇာထဲ အကူအညီတွေ ဝေဟင်ကချပေး

ဂါဇာမှာ အဆိုးရွားဆုံးဖြစ်နိုင်တဲ့ ငတ်မွတ် ခေါင်းပါးမှုပုံစံ စဖြစ်နေပြီလို့ ကုလသမဂ္ဂရဲ့ ကျောထောက်နောက်ခံပြု စောင့်ကြည့်ရေး အဖွဲ့တစ်ခုက ပြောပါတယ်။ လေယာဉ်တွေပေါ်ကနေ စားနပ်ရိက္ခာ ချပေးနေတာဟာ ဒီကပ်ဘေးကြီးကို သက်သာစေလောက်တဲ့အထိ အထောက်အကူ မဖြစ်စေဘူးလို့လည်း Integrated Food Security Phase Classification အဖွဲ့က ပြောပါတယ်။ ဒီကာလမှာပဲ အစ္စရေး အစိုးရက ဘီဘီစီ အပါအ၀င် ဘယ်နိုင်ငံတကာ သတင်းဌာနကိုမှ ဂါဇာထဲကို ဝင်ရောက်သတင်းယူခွင့် မပြုပါဘူး။ ဘီဘီစီရဲ့ နိုင်ငံတကာ ရေးရာ အယ်ဒီတာ ဂျယ်ရမီ ဘိုဝင်က ကူညီကယ်ဆယ်ရေး ပစ္စည်းတွေကို ဝေဟင်ကနေ ချပေးမယ့် တော်ဝင် ဂျော်ဒန် လေတပ်ရဲ့ လေယာဉ်ပျံပေါ် လိုက်ပါပြီး သတင်းယူနိုင်ခဲ့ပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။