ရေပန်းစားလာတဲ့ K-Beauty
ရေပန်းစားလာတဲ့ K-Beauty
အရေပြားကို ရေဓာတ်ဖြည့်တင်းပေးတဲ့ ခရုအချွဲ ပါဝင်တဲ့ ခရင်မ်တွေနဲ့ ဆီရမ်တွေဟာ K-Beauty လို့ လူသိများတဲ့ ကိုရီးယား အသားအရေထိန်းသိမ်းမှုနဲ့ မိတ်ကပ်ပစ္စည်းတွေကို တစ်ကမ္ဘာလုံးက ရူးသွပ်လာစေတဲ့ ပါဝင်ပစ္စည်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန်ကို ကျော်တက်ပြီး ပြင်သစ်နိုင်ငံပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး အလှကုန်ပစ္စည်း တင်ပို့တဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ ဒါဆိုရင် "glass skin" (ဖန်သားလို ကြည်လင်တဲ့ အသားအရေ) လို့ခေါ်တဲ့ ဒီရေပန်းစားမှုကို ဘာက တွန်းအားပေးနေတာလဲ။ အာရှစီးပွားရေးသတင်းထောက် Suranjana Tewari ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြထားပါတယ်။



