ပဋိပက္ခကြားက ဂါဇာကလေးငယ်များ

ဗီဒီယို ပုံစာ, မြေပြင်ထိုးစစ်အတွက် ပြင်ဆင်နေပြီလို့ အစ္စရေး ဝန်ကြီးချုပ်ပြော
ပဋိပက္ခကြားက ဂါဇာကလေးငယ်များ

အစ္စရေးတောင်ပိုင်းမှာ ဟားမတ်အဖွဲ့လက်ချက်ကြောင့် လူ ၁၄၀၀ သေဆုံးခဲ့ရပြီး ၁၈ရက်အကြာ ၊ ဒီနေ့မှာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျာမင် နက်တန်ရာဟူးက ဂါဇာကို ဗုံးကြဲ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို မြေပြင်ထိုးစစ်ဆင်အတွက် ပြင်ဆင်နေတယ်လို့ သူက ပြောပါတယ်။ တချိန်တည်းမှာ ဂါဇာက ဆေးရုံတွေနဲ့ တခြားဝန်ဆောင်မှုတွေမှာ လောင်စာဆီ ပြတ်တောက်လို့ သူတို့လုပ်ငန်းတွေ ဆက်လက် လည်ပတ်မရ ဖြစ်နေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒါပေမယ့် အစ္စရေးကတော့ ဟားမတ်စ် တို့ဟာလောင်စာဆီတွေ လီတာသိန်းနဲ့ချီ သိုလှောင်ထားတယ်လို့ စွပ်စွဲပြောကြားထားပါတယ်။ လတ်တလော ဂါဇာ ပဋိပက္ခ ဖြစ်ပြီးနောက်ပိုင်း အစ္စရေးဘက်က စားစရာ ၊ ရေနဲ့ ဆေးဝါး အနည်းအကျဉ်း သွင်းခွင့်ပြုခဲ့ပေမဲ့ ဒါတွေက မလုံလောက်ဘူးလို့ လူမှုကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ဘီဘီစီ အထူးသတင်းထောက် ဖာဂယ်ကင်း ဂျေရုစလင်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုဝေဖြိုးက ပြောပြပေးမှာ ဖြစ်ပါတယ်။ ဒီသတင်းမှာ စိတ်အနှောက်အယှက် ဖြစ်စရာပုံရိပ်တွေပါကြောင်း ကြိုတင် သတိပေးအပ်ပါတယ်။