ပြည်ပနေ တရုတ်တွေ လိမ်လည်မှုတွေနဲ့ ရင်ဆိုင်နေရ
ပြည်ပနေ တရုတ်တွေ လိမ်လည်မှုတွေနဲ့ ရင်ဆိုင်နေရ
ဗြိတိသျှ နိုင်ငံသား တရုတ်နွယ်ဖွား အမျိုးသမီး တဦးက သူစုဆောင်းထားတဲ့ ငွေတွေကို တရုတ်ရဲဟန် ဆောင်ထားတဲ့ လူလိမ်တွေက လိမ်လည်သွားခဲ့တယ်လို့ ဘီဘီစီကို ပြောပြပါတယ်။ စာရင်းကိုင် တယောက် ဖြစ်တဲ့ ဟယ်လန် ယန်းက လုပ်ကြံဖန်တီးထားတဲ့ ရာဇဝတ်ပြစ်မှုတွေနဲ့ သူ့ ကို တရုတ်ပြည် ပြန်အပို့ မခံရရေးအတွက် ပေါင်စတာလင် ၂၉,၀၀၀ ကို လွှဲပေးခဲ့ရပါတယ်။ တရုတ်ရဲ ဟန်ဆောင်ပြီး ကမ္ဘာတ၀န်းမှာ လိမ်လည်နေကြသူတွေရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ ဟယ်လန်ဟာ တရုတ်ဇာတိ ဖြစ်ပေမဲ့ လန်ဒန်မှာ နေလာတာ နှစ်ပေါင်း ၃၀ ရှိပြီ ဖြစ်ပါတယ်။ အယ်လိန်း ချောင်း ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။



