ကရင်နီဒေသမှာ ရေကြီးရေလျှံမှုကြောင့် လူထောင်ချီ ဒုက္ခရောက်
ကရင်နီဒေသမှာ ရေကြီးရေလျှံမှုကြောင့် လူထောင်ချီ ဒုက္ခရောက်
ကယား ခေါ် ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်မှု ၊ မိုးဗြဲ ရေကာတာက ရေလွှတ်ချမှု၊ ဘီလူးချောင်းရေကြီး ရေလျှံမှုတွေဖြစ်နေပါတယ်။ ဒါကြောင့် မိုးဗြဲ မြို့တဝိုက်နဲ့ လွိုင်ကော်မြို့ပေါ်အနိမ့်ပိုင်း ရပ်ကွက်တွေ အပါအဝင် ဘီလူးချောင်းနားက စစ်ဘေးရှောင်ရွာတွေမှာ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ကာ လူထောင်နဲ့ချီ ရေဘေးကြုံနေကြရပါတယ်။ ဒါ့အပြင် စပါးခင်းတွေ ဧကထောင်နဲ့ချီ ပျက်စီး မှုတွေ ရှိနေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ပြောပါတယ်။ အကြောင်းစုံ ကို ကိုဘိုဘို ကပြောပြပေးထားပါတယ်။



