မြို့သိမ်းတိုက်ပွဲတွေနဲ့ မြို့ပြမှာ လုံခြုံရေး တင်းကျပ်မှု အခြေအနေ
မြို့သိမ်းတိုက်ပွဲတွေနဲ့ မြို့ပြမှာ လုံခြုံရေး တင်းကျပ်မှု အခြေအနေ
ရှမ်းပြည်နယ်မြောက်ပိုင်းက အစပြုခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီလှုပ်ရှားတဲ့ မြို့သိမ်းတိုက်ပွဲတွေကို တိုင်းနဲ့ပြည်နယ်တချို့မှာ ပြုလုပ်နေပြီလို့ ဒေသကာကွယ်ရေးတွေအဖွဲ့ရဲ့ တရားဝင် ကြေညာမှုတွေ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပေါ်ခဲ့ပါတယ်။ တချိန်တည်းမှာ စစ်ကောင်စီဘက်ကလည်း မြို့ပြဒေသတွေမှာ လုံခြုံရေးကို ပုံမှန်ထက် တင်းကျပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့လူထုတွေကရော ဒီလိုစစ်ရေးအခြေအနေတွေကြား ဘယ်လိုပုံစံနေထိုင်နေရပါသလဲ။ အပြည့်အစုံကို မသီရိဇော်က ပြောပြပေးမှာပါ။



