၁ လအတွင်း စစ်ကောင်စီ လေယာဥ်နဲ့ ရဟတ်ယာဥ် ၃ စင်းပစ်ချခံရ
၁ လအတွင်း စစ်ကောင်စီ လေယာဥ်နဲ့ ရဟတ်ယာဥ် ၃ စင်းပစ်ချခံရ
ကရင်ပြည်နယ်၊ မြဝတီမြို့အနီးက သင်္ဃန်းညီနောင်မှာ ဇန်နဝါရီလ ၂၉ ရက်နေ့က စစ်ကောင်စီရဲ့ ရဟတ် ယာဥ်တစ်စင်း ပစ်ချခံရပါတယ်။ ဒီရဟတ်ယာဥ်ဟာ တပ်အပြောင်းအရွှေ့လုပ်တဲ့ ရဟတ်ယာဥ်ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီရဟတ်ယာဥ်အပါအဝင် တစ်လအတွင်းမှာဘဲ စစ်ကောင်စီ လေတပ်ဘက်က လေယာဥ်တစ်စင်းနဲ့ ရဟတ်ယာဥ် နှစ်စင်း စုစုပေါင်း သုံးစင်း ပျက်ကျခဲ့ပြီး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃၃ သန်းကျော် ဆုံးရှုံးခဲ့တယ်လို့ စစ်ရေးလေ့ လာသူတွေက ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ဇေယျက ပြောပြပေးသွားမှာပါ။



