မောင်တောနယ်ခြားစောင့်တွေ ဘင်္ဂလားဒေ့ရှ်ကိုပြေး
မောင်တောနယ်ခြားစောင့်တွေ ဘင်္ဂလားဒေ့ရှ်ကိုပြေး
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်ထဲက နယ်ခြားစောင့်စခန်းကိုရက္ခိုင်တ့ပ်တော်အေအေ ကဝင်တိုက်ခိုက်တဲ့နောက် နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ် ဘက်ကိုထွက်ပြေးသွားပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် BGB ထံမှာ ခိုလှုံခဲ့ကြပါတယ်။ ဖေဖော်ဝါရီ ၅ ရက် မနက်ပိုင်းမှာလည်း ဒါဇင်နဲ့ချီပြီး ထပ်မံဝင်ရောက်လာတာတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီနေ့ တိုက်ပွဲတွေကြား ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ လက်နက်ကျည်ဆန်ကျရောက်လို့ အရပ်သားနှစ်ဦးသေဆုံးခဲ့ပါတယ်။ အပြည့်အစုံကို မစန္ဒာဝင်းက ပြောပြပေးမှာပါ။



