တက္ကဆက်ရေကြီးမှု သေဆုံးသူ တိုးလာနိုင်

ဗီဒီယို ပုံစာ, တက္ကဆက်ရေကြီးမှု သေဆုံးသူ တိုးလာနိုင်
တက္ကဆက်ရေကြီးမှု သေဆုံးသူ တိုးလာနိုင်

ပြီးခဲ့တဲ့ သောကြာနေ့က အမေရိကန် ပြည်ထောင်စုက တက္ကဆက်ပြည်နယ် အလယ်ပိုင်းက ဒေသတွေမှာ ရေကြီးမှုကြောင့် သေဆုံးရသူ ဦးရေ ဆက်ပြီး မြင့်တက်လာဖွယ်ရှိကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ လက်ရှိအချိန်အထိ ရေကြီးမှုကြောင့် သေဆုံးသူ ဦးရေ ၈၀ ကျော်လာပြီ ဖြစ်ပါတယ်။ ပျောက်ဆုံးနေသူ ဒါဇင်နဲ့ ချီ ရှိနေပြီး အဲဒီထဲမှာ မြစ်ရေတက်ပြီး ပျက်စီးခဲ့တဲ့ နွေရာသီစခန်းက မိန်းကလေး ၁၀ ဦးလည်း ပါဝင်ပါတယ်။

ဒေသတွင်းကို နောက်ထပ် မုန်တိုင်းတွေ ထပ်ရောက်လာနိုင်တာကြောင့် တနင်္လာနေ့ မှာလည်း ရေကြီးမှုတွေ ထပ်ကြုံရနိုင်ကြောင်း သတိပေးချက်တွေ ထပ်ထုတ်ပြန်ထားပါတယ်။ ဘီဘီစီရဲ့ မြောက်အမေရိက ရေးရာ သတင်းထောက် ဂယ်ရီ အို ဒေါန်နာဟျူက အဲဒီ ရေကြီးမှုဒဏ်တွေကို အဆိုးရွားဆုံး ရင်ဆိုင်ခဲ့ရတဲ့ ဒေသတွေကို သွားရောက်သတင်းယူခဲ့ပါတယ်။ ကိုတင်အောင်ကျော်က ပြောပြမှာပါ။