ကျောက်မဲမြို့နယ်ထဲ လေကြောင်းတိုက်ခိုက်ခံရ
ကျောက်မဲမြို့နယ်ထဲ လေကြောင်းတိုက်ခိုက်ခံရ
စစ်တပ်ဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က နယ်မြေတွေကို အခုရက်ပိုင်းလေကြောင်း ဆက်တိုက်တိုက်ခိုက်နေတာကြောင့် မနေ့ကနဲ့ ဒီနေ့ နှစ်ရက်အတွင်းမှာတင် ကျောက်မဲမြို့နယ်ထဲက မြို့နှစ်ခုမှာ ၁၂ ဦးသေဆုံးခဲ့ပါတယ်။ အခုလအစပိုင်း ကျောက်မဲမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး နောက်ပိုင်း သီပေါမြို့ဘက်ကိုရော မိုးကုတ်မြို့ဘက်ကိုပါ ပြန်ရရေးအတွက် လေကြောင်းနဲ့ဆက်တိုက်ပစ်ခတ်နေတာလို့ ပြောကြပါတယ်။ ဒီဇင်ဘာ ရွေးကောက်ပွဲမတိုင်ခင် သီပေါနဲ့ မိုးကုတ်ကို ထိုးစစ်ဆင်မှုတွေ လုပ်လာနိုင်သလား။ ဒီအကြောင်း ကိုမိုးမြင့် က ပြောပြပေးပါမယ်။



