သြစတြေးလျမှာ ၁၆ နှစ်အောက် လူမှုကွန်ရက် သုံးခွင့်ပိတ်မယ်

ဗီဒီယို ပုံစာ, သြစတြေးလျမှာ ၁၆ နှစ်အောက် လူမှုကွန်ရက် သုံးခွင့်ပိတ်မယ်
သြစတြေးလျမှာ ၁၆ နှစ်အောက် လူမှုကွန်ရက် သုံးခွင့်ပိတ်မယ်

သြစတြေးလျမှာ ဒီဇင်ဘာ ၁၀ ရက်က စပြီး အသက် ၁၆ နှစ်အောက်တွေ ဖေ့စ်ဘုတ်ခ်၊ အင်စတာဂရမ်၊ တစ်တော့ခ်နဲ့ ယူကျု စတဲ့ လူမှုကွန်ရက်တွေ သုံးစွဲခွင့် ပိတ်ပင်တော့မှာ ဖြစ်ပါတယ်။ သြစတြေးလျ အစိုးရကတော့ ကလေးတွေအတွက် အွန်လိုင်းပေါ်က ဖိအားနဲ့ အန္တရာယ်တွေ လျော့ပါးစေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်တွေကတော့ ဒါဟာ သူတို့ အခွင့်အရေးကို ပိတ်ပင်တာဆိုပြီး ဥပဒေကြောင်းနဲ့ တုံ့ပြန်ဖို့ ကြိုးစားနေကြပါတယ်။ နည်းပညာ ကုမ္ပဏီတွေကလည်း ဒီဆုံးဖြတ်ချက်ကို ဝေဖန်ပြစ်တင်နေကြသလို အမေရိကန် သမ္မတ ထရမ့်ကိုတောင် ကြားဝင်ပေးဖို့ တောင်းဆိုတာတွေ ရှိနေပါတယ်။ သြစတြေးလျ အခြေစိုက် သတင်းထောက် ကေတီ ၀တ်ဆင်ရဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။