အစိုးရသစ်မဖွဲ့ခင်မှာ ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီ ဥပဒေထုတ်ပြန်

ဗီဒီယို ပုံစာ, အစိုးရသစ်မဖွဲ့ခင်မှာ ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီ ဥပဒေထုတ်ပြန်
အစိုးရသစ်မဖွဲ့ခင်မှာ ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီ ဥပဒေထုတ်ပြန်

ရွေးကောက်ပွဲအပြီး အစိုးရအဖွဲ့သစ် မတက်ခင် ကလေးမှာပဲ ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီ ဥပဒေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က လက်မှတ်ရေးထိုးပြီး ဖေဖော်ဝါရီ ၃ ရက် နေ့မှာ ထုတ်ပြန်လာပါတယ်။ ဒီဥပဒေဟာ အခင်းအကျင်းအသစ်မဟုတ်ဘဲ NLD အစိုးရရဲ့ အတိုင်ပင်ခံရာထူးဖန်တီးမှုနဲ့ တူတယ်လို့ သုံးသပ်မှုတချို့လည်း ရှိနေပါတယ်။ သမ္မတက ဦးဆောင်ဖွဲ့စည်းရမယ့် ဒီအတိုင်ပင်ခံကောင်စီ ဆိုတာ ဘာပါလဲ။ မသူဇာလင်း က ပြောပြမှာပါ။