ကာတာက အမေရိကန် လေတပ်စခန်းကို အီရန် ဒုံးကျည်နဲ့ပစ်

ဗီဒီယို ပုံစာ, ကာတာက အမေရိကန် လေတပ်စခန်းကို အီရန် ဒုံးကျည်တွေနဲ့ ပစ်ခတ်
ကာတာက အမေရိကန် လေတပ်စခန်းကို အီရန် ဒုံးကျည်နဲ့ပစ်

အစ္စရေးနဲ့ အီရန် အကြား အပစ်ရပ် မကြေညာခင်မှာပဲ ကာတာနိုင်ငံထဲမှာရှိတဲ့ အမေရိကန်ရဲ့ လေတပ်စခန်းကို အီရန်ဘက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။ စနေနေ့က အမေရိကန်က အီရန်ထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုအတွက် လက်တုံ့ပြန်တဲ့ သဘောနဲ့ တိုက်ခိုက်ခဲ့တာပါ။ ကာတာက ဒီတနင်္လာနေ့က အီရန်ရဲ့ တိုက်ခိုက်မှုကို သူတို့ရဲ့ အချုပ်အခြာ အာဏာကို ထိပါးတာဖြစ်တယ်ဆိုပြီး ရှုတ်ချခဲ့ပါတယ်။ သမ္မတထရမ့်ကတော့ ဒါကို အတည်ပြုပေးတဲ့အပြင် အီရန်ကို ကျေးဇူးတင်စကားတောင် ပြောလိုက်ပါသေးတယ်။ အကြောင်းက အဲဒီလို မပစ်ခင်မှာ ကြိုတင်အသိပေးခဲ့တာကြောင့်လို့ ဆိုပါတယ်။ ဘီဘီစီ သတင်းထောက် ဖရန့်ခ် ဂါနာရဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။