မန္တလေး PDF က တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ကြောင်း သတိပေး

ဗီဒီယို ပုံစာ, မန္တလေး PDF က တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း သတိပေး
မန္တလေး PDF က တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်ကြောင်း သတိပေး

မန္တလေးတိုင်း၊ မတ္တရာ မြို့နယ် အရှေ့ခြမ်းက မန္တလေး PDF ထိန်းချုပ်နယ်မြေကို စစ်တပ်က ဒီရက်ပိုင်းမှာ ပြန်လည်ထိန်းချုပ်လိုက်ပါတယ်။ စစ်တပ်ထိုးစစ်ကြောင့် ထိန်းချုပ်နယ်မြေတွေကနေ တဖြည်းဖြည်း ဆုတ်ခွာနေရတဲ့ မန္တလေး PDF နဲ့ မဟာမိတ်တပ်တွေက တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တောကြောင့် ဒေသတွင်းက ပြည်သူတွေ အနေနဲ့ ကြိုတင်ပြင်ဆင် လုပ်ဆောင်ဖို့ အတွက် နိုဝင်ဘာ ၁၀ ရက်နေ့က သတိပေးချက် ထုတ်ပြန်ထားပါတယ်။ စစ်တပ်စစ်ကြောင်းထိုးချိန်နဲ့ ကြုံရတဲ့ မန္တလေး PDF ထိန်းချုပ်နယ်မြေတွေက ဒေသခံတွေကရော ဘယ်လိုတုံ့ပြန်ပါသလဲ။ အကြောင်းစုံကို မဇာဏီထွဏ်းက စုစည်းပြောပြပါမယ်။