ဂါဇာထဲကို ကယ်ဆယ်ရေး ပစ္စည်းတွေ စဝင်

ဗီဒီယို ပုံစာ, ဂါဇာထဲကို ကယ်ဆယ်ရေး ပစ္စည်းတွေသယ်လာတဲ့ ယာဉ်တွေ စတင်ဝင်ရောက်ပြီ
ဂါဇာထဲကို ကယ်ဆယ်ရေး ပစ္စည်းတွေ စဝင်

ဂါဇာထဲကို ကယ်ဆယ်ရေး ပစ္စည်းတွေသယ်လာတဲ့ ယာဉ်တွေ စတင်ဝင်ရောက်နိုင်ပေမယ့် ပရဟိတ အဖွဲ့တွေက မလုံလောက်ကြောင်းပြော နေပါတယ်။ တဘက်မှာလည်း အစ္စရေးက ဂါဇာကမ်းမြှောင်ကို ဗုံးကြဲမှုတွေ အရှိန်မြှင့်လာရာမှာ ပါလက်စတိုင်းတွေကို ဘေးလွတ်ဖို့ ရှောင်ခိုင်းထားတဲ့ တောင်ပိုင်းအထိပါ ရောက်လာပြီ ဖြစ်ပါတယ်။ အစ္စရေး ကာကွယ်ရေး ၀န်ကြီးက စစ်ဆင်ရေးရဲ့ နောက်တဆင့် မကြာခင် စတင်တော့မှာ ဖြစ်တယ်လို့ ပြောပါတယ်။ သူက အဲဒီ စစ်ဆင်ရေးက ၃ လလောက်အထိ ကြာနိုင်တယ်။ ဒါပေမယ့် အဆုံးမှာ ဟားမတ်စ်ကို ရှင်းပစ်နိုင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဘီဘီစီ သတင်းထောက် ဝိုင်ယာ ဒေးဗီးစ် ဂါဇာကနေ ပေးပို့ထားတဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။ အခု သတင်းမှာ စိတ်အနှောင့်အယှက် ဖြစ်စရာတွေ ပါနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။