မြန်မာ ငလျင် အဆောက်အအုံ သောင်းနဲ့ချီ ပျက်စီး
မြန်မာ ငလျင် အဆောက်အအုံ သောင်းနဲ့ချီ ပျက်စီး
မြန်မာမှာ လူသုံးထောင်ကျော် သေဆုံးထားတဲ့ ငလျင်ကြီးကြောင့် ငလျင်ဒဏ်သင့်ဒေသတွေမှာ နေအိမ်အဆောက်အဦအပေါင်း နှစ်သောင်းကျော် ပြိုကျပျက်စီးခဲ့ရပြီး အဲဒီထဲမှာ ဌာနဆိုင်ရာရုံးတွေလည်း တစ်ထောင်နီးပါးပါဝင်ခဲ့ပါတယ်။ ဒါကြောင့် ရုံးလုပ်ငန်းလည်ပတ်မှုတွေ ရပ်တန့်နေပါတယ်။ ဒါ့အပြင် ဆေးရုံဆေးခန်း ၅၀ နီးပါးလည်း ပျက်စီးသွားပါတယ်။ ငလျင်လှုပ်ပြီး ခြောက်ရက်မြောက်နေ့မှာ ငလျင်ဘေးသင့်ပြည်သူတွေ ဘယ်လိုအခက်အခဲတွေ ကြုံနေရပါသလဲ။ မသင်းသင်းနွယ်က ပြောပြမှာပါ။



