အီရန်ကို လက်တုံ့ပြန်ဖို့ အစ္စရေး ဆွေးနွေး

ဗီဒီယို ပုံစာ, အီရန်ကို လက်တုံ့ပြန်ဖို့ အစ္စရေး ဆွေးနွေး
အီရန်ကို လက်တုံ့ပြန်ဖို့ အစ္စရေး ဆွေးနွေး

အီရန်ရဲ့ ဒုံးကျည်နဲ့ ဒရုန်း တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ အစ္စရေး အစိုးရဟာ သံတမန်ရေးအရ ပြန်လှန်ထိုးနှက်မှုတွေကို စတင်လိုက်ပြီ ဖြစ်ပါတယ်။ အီရန်ကို တုံ့ပြန်ဖို့ အစ္စရေး အစိုးရက ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီးဖြစ်တာကြောင့် နိုင်ငံတကာ အနေနဲ့ စုပေါင်းရပ်တည်ပေးဖို့ကိုလည်း ဝန်ကြီးချုပ် နေတန်ညာဟုက တောင်းဆိုလိုက်ပါတယ်။ အမေရိကန် အိမ်ဖြူတော် ဘက်ကတော့ အီရန်ရဲ့ တိုက်ခိုက်မှုဟာ အရှက်တကွဲ ရှုံးနိမ့်မှု ဖြစ်တယ်လို့ ဖော်ညွှန်းပြောဆိုနေပါတယ်။ အီရန် ဘက်ကတော့ တိုက်ခိုက်မှုတွေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ပြီး၊ မိမိကိုယ်ကိုယ် ခုခံပိုင်ခွင့် မူဘောင်ထဲကနေ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ အစိုးရ ပြောရေးဆိုခွင့် ရှိသူက ပြောကြားပါတယ်။ အီရန်ရဲ့ တိုက်ခိုက်မှုကို ဘယ်လို တုံ့ပြန်မလဲ ဆိုပြီး အစ္စရေး စစ်တွင်းကာလ အစိုးရ အဖွဲ့ဟာ ဆွေးနွေးနေကြပါတယ်။ ဘီဘီစီ သတင်းထောက် လူစီ ဝီလီယံဆင်ရဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။