လုပ်ငန်းခွင်မှာ အပြောင်းအလဲတွေ လုပ်နေတဲ့ ဂျပန်
လုပ်ငန်းခွင်မှာ အပြောင်းအလဲတွေ လုပ်နေတဲ့ ဂျပန်
ဂျပန်နိုင်ငံဟာ အလုပ်ကြိုးစားတဲ့ နိုင်ငံအဖြစ် လူသိများပါတယ်။ ဝန်ထမ်းတွေက အားလပ်ရက် ခွင့်ယူဖို့ ဝန်လေးတတ်ကြပြီး ကိုယ့်အထက်လူကြီး မပြန်ခင် အရင်အိမ်ပြန်တဲ့သူ မရှိသလောက် ရှားပါတယ်။ ဒါပေမဲ့လည်း ဂျပန်နိုင်ငံဟာ ကမ္ဘာ့ အချမ်းသာဆုံး စက်မှုထိပ်သီး နိုင်ငံကြီး ၇ နိုင်ငံထဲမှာ ထုတ်လုပ်မှုစွမ်းအား အနည်းဆုံးနိုင်ငံအဖြစ် စာရင်းသွင်းခံလာခဲ့ရတာ နှစ်ပေါင်း ၅၀ ကျော်သွားခဲ့ပါပြီ။ အခုတော့ တချို့အလုပ်ခွင်တွေမှာ အပြောင်းအလဲတွေ လုပ်ဖို့ ကြိုးစားလာနေကြပါပြီ။ တိုကျိုမြို့က ဘီဘီစီ သတင်းထောက် ရှိုင်မာ ခါလီ ပေးပို့ထားတဲ့ သတင်းကို မသီဒါနွယ်က ပြောပြမှာပါ။



