အနောက်ဘက်ကမ်းက ဆေးရုံထဲ အစ္စရေး စီးနင်း
အနောက်ဘက်ကမ်းက ဆေးရုံထဲ အစ္စရေး စီးနင်း
အနောက်ဘက်ကမ်း ဒေသထဲက ဆေးရုံ တခုမှာ အစ္စရေး တပ်ဖွဲ့တွေက သူနာပြုတွေ ဟန်ဆောင်ပြီး ဆေးရုံထဲ ဝင်ကာ ပါလက်စတိုင်း ၃ ယောက်ကို လုပ်ကြံ ခဲ့ကြပါတယ်။ အဲဒီလူတွေထဲမှာ ဟားမတ်စ် အဖွဲ့ဝင် တယောက်ပါဝင်ပြီး အားလုံးဟာ လက်နက်ကိုင် အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရပါတယ်။ ဘီဘီစီ အရှေ့အလယ်ပိုင်း သတင်းထောက် လူစီဝီလျံဆန်ရဲ့ သတင်းကို ကိုဘိုဘိုက ပြန်ပြောပြမှာပါ။



