ကြွယ်ပုံရွာအနီး တိုက်ခိုက်ခံရလို့ အမျိုးသမီး ၁၂ ဦး သေဆုံး
ကြွယ်ပုံရွာအနီး တိုက်ခိုက်ခံရလို့ အမျိုးသမီး ၁၂ ဦး သေဆုံး
စစ်ကိုင်းမြို့နယ်ထဲက ကြွယ်ပုံကျေးရွာအနီးမှာ ပစ်ခတ်တိုက်ခိုက်ခံရလို့ ကျေးရွာဒေသခံ အမျိုးသမီး ၁၂ ဦး သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ကျေးရွာအနီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲအတွင်း သေဆုံးခဲ့ရတာ လို့ တော်လှန်ရေးအဖွဲ့တွေဘက်က ပြောပြီး စစ်ကောင်စီကတော့ ပီဒီအက်ဖ်တွေ တိုက်ခိုက်လို့ သေဆုံးတာလို့ ထုတ်ပြန်ထားပါတယ်။ မသီဒါနွယ်က အပြည့်အစုံကို ပြောပြပေးပါမယ်။



