ငလျင်ကြီး လှုပ်ပြီးလို့ တစ်လကျော်မှာ မိုးကြီးရေလျှံမှုတွေရှိနေ
ငလျင်ကြီး လှုပ်ပြီးလို့ တစ်လကျော်မှာ မိုးကြီးရေလျှံမှုတွေရှိနေ
ငလျင်ကြီးလှုပ်ပြီးလို့ တစ်လကျော်ကျော် ရက်ပိုင်းလေးအတွင်းမှာဘဲ နောက်ထပ် မိုးကြီးရေလျှံမှုတွေနဲ့ နောက်ဆက်တွဲ ထိခိုက်ပျက်စီးမှုတွေ ဆက်တိုက်ရှိနေခဲ့ပါတယ်။ ကမ္ဘာမှာ မြန်မာက သဘာဝဘေးအန္တရာယ်ကို ခံရနိုင်ခြေအများဆုံးရှိတဲ့ နိုင်ငံလို့လည်း သဘာဝပတ်ဝန်းကျင်အရေးလေ့လာသူတွေက အသိပေးထားပါတယ်။ သဘာဝဘေးမျိုးစုံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာအနေနဲ့ နောင်လာမယ့်နှစ်တွေမှာရော ရာသီဥတုနဲ့ ပတ်သက်ပြီး ဘယ်လို သဘာဝဘေးအန္တရာယ်တွေ ရင်ဆိုင်ကြုံရနိုင်ပါသလဲ။ မသူဇာလင်းက ပြောပြပေးသွားမှာပါ။



