ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေ စိုးရိမ်ပူပန်နေရ
ထိုင်းရောက် မြန်မာရွှေ့ပြောင်း လုပ်သားတွေ စိုးရိမ်ပူပန်နေရ
ထိုင်းနိုင်ငံက ရွေ့ပြောင်း လုပ်သားတွေရဲ့ အလုပ်လုပ်ခွင့်ကို ရက်၉၀ သာ သတ်မှတ်ပေးဖို့နဲ့ အလုပ်သမားတွေ ကိုယ်ဝန်ဆောင်တဲ့ အခါမှာ နေရပ်ပြန်ပြီး ကလေးမွေးဖို့ စတဲ့ အချက်တွေကို ထိုင်းလူမှု အဖွဲ့အစည်းတွေက နိုင်ငံခြားရေး ဝန်ကြီးဌာနကို စာရေးသား ပေးပို့ တောင်းဆိုထားပါတယ်။ ထိုင်း အဖွဲ့အစည်း တချို့ရဲ့ တောင်းဆိုမှုတွေကြောင့် မြန်မာနိုင်ငံက ရွှေ့ပြောင်း လုပ်သားတွေ အပေါ်မှာ ထိုင်း အာဏာပိုင်တွေက ပိုမို တင်းကျပ်မှုတွေ လုပ်လာမလား ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ဒီအကြောင်း ကိုမောင်က ပြောပြပေးမှာပါ။



