အဲ အိန္ဒိယ လေယာဉ်ပျက်ကျမှုက အသက်ရှင် လွတ်မြောက်လာသူ
အဲ အိန္ဒိယ လေယာဉ်ပျက်ကျမှုက အသက်ရှင် လွတ်မြောက်လာသူ
အဲ အိန္ဒိယ ခရီးသည်တင် လေယာဉ်ပျက်ကျမှုမှာ ဗစ်ဗက်ရှ် ကူးမား ရာမက်ရှ်ဟာ တစ်ဦးတည်းသော အသက်ရှင် ကျန်ရစ်သူပါ။ သူဟာ အသက် ၄၀ အရွယ် စီးပွားရေး သမား ဖြစ်ပြီး လက်စတာ မြို့မှာ နေထိုင်ပါတယ်။ သူက ထိုင်ခုံနံပတ် ၁၁ အေမှာ ထိုင်နေပြီး လေယာဉ် အရှေ့ပိုင်း အတောင်ပံတွေနားမှာ ရှိပါတယ်။ ဗစ်ဗက်ရှ်ဟာ အခုတော့ ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ သူ့ရဲ့ ညီ ဖြစ်သူ အဂျေး နဲ့ အတူ လေယာဉ်စီးခဲ့တာပါ။ လေယာဉ်ပျက်ကျမှု ကြောင့် တခြား အသက်ရှင် ကျန်ရစ်သူ မရှိဘူးလို့ အဲ အိန္ဒိယက ပြောကြားပါတယ်။ ဘီဘီစီ သတင်းထောက် နက်တပ်ဖ် ဂျိုဟဲလ် ရဲ့ သတင်းကို ကိုဇေယျာ က ပြောပြပေးမှာပါ။



