အစ္စရေး နဲ့ ဟားမတ်စ် အကြား အပစ်ရပ်ရေး သဘောတူညီမှုရ

ဗီဒီယို ပုံစာ, အစ္စရေး နဲ့ ဟားမတ်စ် အကြား အပစ်ရပ်ရေး သဘောတူညီမှုရ
အစ္စရေး နဲ့ ဟားမတ်စ် အကြား အပစ်ရပ်ရေး သဘောတူညီမှုရ

အစ္စရေးနဲ့ ဟားမတ်စ် တို့အကြား အပစ်ရပ်ရေး နဲ့ ငြိမ်းချမ်းရေး အစီအစဉ် ပထမ အဆင့်ကို သဘောတူညီနိုင်ခဲ့တာကြောင့် ဂါဇာထဲမှာ လူအများအပြား ဝမ်းမြောက် ပျော်ရွှင်နေကြပါတယ်။

၂နှစ်ကြာ စစ်ပွဲ အဆုံးသတ်ရေး မျှော်လင့်ချက်ကို တိုးပွားစေတဲ့ ငြိမ်းချမ်းရေး အစီအစဉ် သဘောတူညီမှုကို မနေ့က ကြေညာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဂါဇာထဲမှာရော အစ္စရေးထဲက လမ်းတွေပေါ်မှာ လူတွေက ဝမ်းမြောက် ပျော်ရွှင်စွာနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။ ဂါဇာ အပစ်ရပ်ရေး ငြိမ်းချမ်းရေး အစီအစဉ်ကို အီဂျစ်မှာ အပြင်းအထန် ဆွေးနွေးခဲ့ကြပြီးမှ သဘောတူညီနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီ သဘောတူညီချက်ထဲမှာ အစ္စရေး ဓားစာခံတွေ လွှတ်ပေးရေး၊ ပါလက်စတိုင်း အကျဉ်းသားတွေ ပြန်လွှတ်ပေးရေး နဲ့ ဂါဇာထဲကနေ အစ္စရေး တပ်တွေ ဆုတ်ခွာရေး စတဲ့ အချက်တွေ ပါဝင်ပါတယ်။