မူဆယ်မှာ မြန်မာ လုပ်သားတွေ အခက်အခဲ ကြုံနေရ
မူဆယ်မှာ မြန်မာ လုပ်သားတွေ အခက်အခဲ ကြုံနေရ
မူဆယ်မြို့က မြန်မာ လုပ်သားတွေဟာ တရုတ် ဘက်ခြမ်းကို အလုပ်သွားလုပ်ခွင့်ရဖို့ စောင့်ဆိုင်းနေရတာ လနဲ့ချီ ကြာမြင့်နေပြီ ဖြစ်ပေမဲ့ တရုတ်ဘက်ခြမ်းကို ဝင်ခွင့် မရတာတွေ ရှိနေပါတယ်။ ဒီလို ဝင်ခွင့်မရတဲ့ အပေါ်မှာ မြန်မာလုပ်သားတွေက ဆန္ဒပြခဲ့ကြရာမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ မြန်မာ လုပ်သားတွေဟာ တရုတ်ဘက်ခြမ်းမှာ အလုပ်လုပ်ခွင့်ရဖို့ သိန်းဆယ်ချီ အကုန်အကျခံပြီး သွားရောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ မူဆယ် မြို့က မြန်မာ လုပ်သားတွေရဲ့ အခြေအနေကို ကိုထက်နိုင်ဇော်က ပြောပြပေးမှာပါ။



