အဓမ္မစစ်သားစုဆောင်းမှုကို တမူးဒေသခံတွေ ဆန္ဒပြ
အဓမ္မစစ်သားစုဆောင်းမှုကို တမူးဒေသခံတွေ ဆန္ဒပြ
စစ်ကိုင်းတိုင်း တမူးမြို့နယ်ထဲကကျေးရွာတွေမှာ ဒေသခံတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF က အဓမ္မစစ်သားစုဆောင်း ဖမ်းဆီးနေတာကြောင့် ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ဒေသခံတွေက ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဆန္ဒပြခဲ့ကြပါတယ်။ ပြည်သူတွေ ကိုယ့်ဒေသကိုယ် ကာကွယ်ရေးအတွက် သင်တန်းတွေ ပြန်လုပ်နေတာမျိုးရှိတဲ့အပေါ် အမြင်မတူမှုတွေ ရှိနိုင်ပေမဲ့ အတင်းအဓမ္မလုပ်ဆောင်တာတွေကိုတော့ ခွင့်ပြုမထားဘူးလို့ NUG ဘက်က ပြောပါတယ်။ လက်ရှိ ဒေသခံတွေ အခက်အခဲနဲ့ NUG ဘက်က အရေးယူမှုတွေ အကြောင်း မသီရိဇော်က ပြောပြပေးမှာပါ။



