ကျားဖြန့်လုပ်ငန်းကနေ ဖမ်းဆီးထားသူတွေနဲ့ သက်သေခံ ပစ္စည်းတွေကို KNU ဘာလုပ်ထားလဲ

ဗီဒီယို ပုံစာ, မင်းလက်ပံ ကျားဖြန့်လုပ်ငန်းကနေ ဖမ်းဆီးထားသူတွေနဲ့ သက်သေခံ ပစ္စည်းတွေကို KNU ဘာလုပ်ထားလဲ
ကျားဖြန့်လုပ်ငန်းကနေ ဖမ်းဆီးထားသူတွေနဲ့ သက်သေခံ ပစ္စည်းတွေကို KNU ဘာလုပ်ထားလဲ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာရှိတဲ့ ကျားဖြန့်ငွေလိမ်လုပ်ငန်းဆိုက်တစ်ခုကို ဝင်ရောက်စီးနင်းပြီး သက်သေခံပစ္စည်းတွေရော ငွေလိမ်လုပ်ငန်းမှာပါသူတွေကိုပါ ဖမ်းဆီးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU က နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ထိထိရောက်ရောက်နှိမ်နှင်းနိုင်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေကို တောင်းဆိုနေပါတယ်။ DKBA ထိန်းချုပ်ဒေသ မင်းလက်ပံဒေသ ကျားဖြန့်လုပ်ငန်းကနေ ဖမ်းဆီးထားသူတွေနဲ့ သက်သေခံ ပစ္စည်းတွေကို KNU ဘာလုပ်ထားလဲ၊ လက်ရှိ မြဝတီမြို့နယ်အတွင်းက ကျားဖြန့်လုပ်ငန်းတွေရဲ့ အခြေအနေ ဘယ်လိုဆက်ရှိနေလဲ။ ကိုဝေဖြိုးက ပြောပြပေးသွားမှာပါ။