တီမော သံရုံး ယာယီ တာ၀န်ခံ ထွက်ခွာဖို့ စစ်ကော်မရှင် စာထုတ်
တီမော သံရုံး ယာယီ တာ၀န်ခံ ထွက်ခွာဖို့ စစ်ကော်မရှင် စာထုတ်
စစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာနက တီမော လက်စ်တေ သံရုံး ယာယီ တာ၀န်ခံကို နိုင်ငံကနေ တစ်ပတ် အတွင်း ထွက်ခွာဖို့ ဆိုပြီး မနေ့ညပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်တုန်းကလည်း အခုလိုပဲ နှင်ထုတ်ခဲ့ဖူးပြီး ဒါဟာ ဒုတိယ အကြိမ်မြောက် နှင်ထုတ်တာ ဖြစ်ပါတယ်။ ဒီလုပ်ရပ်ကြောင့် အာဆီယံ အဖွဲ့၀င် ၂ နိုင်ငံကြားမှာ ဘယ်လို အခြေအနေတွေ ဆက်ဖြစ်လာနိုင်ပါသလဲ။ မသူဇာလင်းက ပြောပြပေးမှာပါ။



