ဂါဇာကို အမေရိကန်လွှဲယူချင်
ဂါဇာကို အမေရိကန်လွှဲယူချင်
အီဂျစ်က ဂါဇာပြန်လည် တည်ဆောက်ရေးအတွက် ပြည့်စုံတဲ့ အစီအမံတွေကို ချပြဖို့ ရှိကြောင်းနဲ့ အဲဒီအထဲမှာ ပါလက်စတိုင်းတွေကို ဖယ်ရှားမယ့် အစီအစဉ်တွေလည်း မရှိကြောင်း ပြောပါတယ်။ သမ္မတထရမ့်ကလည်း ဂျော်ဒန်ဘုရင်နဲ့ အင်္ဂါနေ့မှာ တွေ့ဆုံခဲ့ရာ ဂါဇာကို အမေရိကန်က လွှဲပြောင်းယူပြီး ပါလက်စတိုင်းတွေကို အိမ်နီးချင်း အာရပ်နိုင်ငံတွေကို ရွှေ့ပြောင်းမယ့် သူ့ရဲ အစီအစဉ်တွေကို ထပ်ပြီး ပြောခဲ့ပါတယ်။ ဘီဘီစီ မြောက်အမေရိကဆိုင်ရာ သတင်းထောက် ပီတာ ဘိုးစ်ရဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။



