PSMS စနစ်က လွတ်လပ်ခွင့် ချိုးဖောက်ခံရမှု အဖြစ် လူတွေရှုမြင်

ဗီဒီယို ပုံစာ, PSMS စနစ်က လွတ်လပ်ခွင့် ချိုးဖောက်ခံရမှု အဖြစ် လူတွေရှုမြင်
PSMS စနစ်က လွတ်လပ်ခွင့် ချိုးဖောက်ခံရမှု အဖြစ် လူတွေရှုမြင်

People Survelliance and Management System PSMS စနစ်နဲ့ တော်လှန်ရေးနဲ့ ပတ်သက်သူတွေကို ဖမ်းဆီးတာ၊ မြို့အဝင် အထွက်တွေမှာ ဒီစနစ်ကို သုံးပြီး စစ်ဆေးတာတွေ စတင်လုပ်ဆောင်နေပါတယ်။ စစ်ကော်မရှင်ဘက်ကတော့ အများပြည်သူ လုံခြုံရေး အတွက် ဆိုပြီး အကြောင်းပြပါတယ်။ ဒါပေမဲ့ ဒီစနစ်u အများပြည်သူ လုံခြုံရေးဆိုတာထက် ကိုယ်ရေးကိုယ်တာ လွတ်လပ်မှု ချိုးဖောက်ခံရတာ ဖြစ်ပြီး၊ မဟုတ်မမှန် ဖမ်းဆီးခံရတာမျိုးတွေနဲ့ပါ ကြုံလာရမှာကို လူတွေက စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း မသီရိဇော်က ပြောပြပေးထားပါတယ်။