လူသားပုံစံ စက်ရုပ်တွေ စျေးကွက်ထဲ ရောက်လာ နိုင်တော့မလား

ဗီဒီယို ပုံစာ, လူသားပုံစံ စက်ရုပ်တွေ စျေးကွက်ထဲ ရောက်လာ နိုင်တော့မလား
လူသားပုံစံ စက်ရုပ်တွေ စျေးကွက်ထဲ ရောက်လာ နိုင်တော့မလား

၂၀၂၆ ခုနှစ်ဟာ စွမ်းရည်မြင့်မားတဲ့ လူသားပုံစံ စက်ရုပ်တွေ ပထမဆုံး အကြိမ် စျေးကွက်ထဲ ဝင်ရောက် လာမယ့် နှစ် ဖြစ်နိုင်ပါသလား။ အိမ်မှုကိစ္စတွေကို လုပ်ဆောင်ပေးမယ့် အိမ်အကူ စက်ရုပ်တွေဟာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ဥာဏ်ရည်တု နည်းပညာတွေမှာ တိုးတက်လာတာတွေကြောင့် စျေးကွက်ထဲကို ဝင်ရောက် လာနိုင်ပါတယ်။ ဒါပေမဲ့ အဝတ်လျှော်စက်ထဲက လျှော်ပြီးသား အဝတ်တွေကို ခေါက်တာ၊ ပန်းကန်ဆေးစက်ထဲ ဆပ်ပြာရည် ဖြည့်တာ လိုမျိုး အခြေခံ အကျဆုံး အရာတွေကို ဘေးကင်းကင်းနဲ့ လုပ်ဆောင်ဖို့ စက်ရုပ်ကို တောင်းဆို စေခိုင်း တာမျိုးတွေမှာတော့ ရှုပ်ထွေး တဲ့ အဆင့်တွေ ရှိနေပါသေးတယ်။ ဘီဘီစီ သတင်းထောက် ဂျိုး တိုက်ဒီရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။