ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံအထူးသံခန့်

ဗီဒီယို ပုံစာ, ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံအထူးသံခန့်
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံအထူးသံခန့်

ဒီနှစ်ကုန်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာ၀န်စယူမယ့် ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာ့အရေးအတွက် အာဆီယံအထူးသံတမန်သစ်အဖြစ် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးကို ခန့်လိုက်ပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ဖြစ်လာတဲ့ မြန်မာအကျပ်အတည်းကို အထူးသံခန့်ပြီးဖြေရှင်းဖို့ ကြိုးစားလာတာ ဖိလစ်ပိုင်နဲ့ဆို ခြောက်ဦးထိ ရှိလာတော့မှာပါ။ မြန်မာ့အရေးအထူးသံတမန်တွေက လက်ရှိမြန်မာ့နိုင်ငံရေးမှာ ဘယ်လိုသက်ရောက်မှုရှိပါသလဲ။ ဖိလစ်ပိုင် လက်ထက်မှာရော ဘာတွေမျှော်လင့်လို့ရနိုင်မလဲ။ ကိုဝေဖြိုး ပြောပြပေးမှာပါ။