စစ်အင်အားဖြည့်တင်းနေတဲ့ ဂျာမနီ
စစ်အင်အားဖြည့်တင်းနေတဲ့ ဂျာမနီ
ဂျာမနီမှာ ၁၈ နှစ်ပြည့်ပြီးသူ အမျိုးသားတိုင်းကို စစ်ဘက်ဆိုင်ရာ ဆေးစစ်မှု ခံယူဖို့အတွက် ဆင့်ခေါ် ထားပါတယ်။ ရုရှားရဲ့ ခြိမ်းခြောက်မှု တစတစ တိုးလာနေတာအပေါ် တုံ့ပြန်ဖို့ အစီအစဉ်တွေ ချမှတ်ထားတာရဲ့ တစိတ်တဒေသအဖြစ် အခုလို ဆင့်ခေါ်ထားတာပါ။ အခု အစီအစဉ်ဟာ စစ်မှုမထမ်းမနေရ ပြဋ္ဌာန်းသတ်မှတ်လိုက်တာလောက် မပြင်းထန်ပေမဲ့ ဘာလင်က နိုင်ငံရေး သမားတွေကတော့ တပ်သားသစ် ထောင်နဲ့ သောင်းနဲ့ချီ ခေါ်ယူပြီး အင်အားဖြည့်ချင်နေကြပါတယ်။ ဘီဘီစီ သတင်းထောက် ဂျက်ဆီကာ ပါကာ ပေးပို့ထားတဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြမှာပါ။



