စစ်ကော်မရှင် ထိုးစစ် မြို့၂မြို့သိမ်းပြီး၊ တော်လှန်ရေးဘက်က တစ်မြို့သိမ်းထား
စစ်ကော်မရှင် ထိုးစစ် မြို့၂မြို့သိမ်းပြီး၊ တော်လှန်ရေးဘက်က တစ်မြို့သိမ်းထား
စစ်ကော်မရှင်ဟာ နိုင်ငံတွင်းက မြို့နယ် ၆၃ ခုကို ရက် ၉၀ အရေးပေါ် အခြေအနေကြေညာခဲ့တာ အခုဆို နှစ်လကျော်လာပါပြီ။ ရွေးကောက်ပွဲလုပ်နိုင်ဖို့ လက်လွှတ်ထားရတဲ့နယ်မြေတွေကို ဒီရက် ၉၀အတွင်း ပြန်ထိန်းချုပ်ဖို့ လုပ်ပေမဲ့ ဒီနှစ်လအတွင်း စစ်တပ်က သူလက်လွှတ်ထားရတဲ့ဒေသတွေထဲက မြို့နှစ်မြို့သာ ပြန်လည်သိမ်းယူထားနိုင်ပါတယ်။ တော်လှန်ရေးတပ်တွေ ဘက်ကလည်း မြို့တစ်မြို့ ကို ပြန်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီလို အခြေအနေကြောင့် စစ်ပွဲတွေ ပိုကြာသွားနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ မစန္ဒာဝင်း ကပြောပြမှာပါ။



