၇၉ ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံ ကျင်းပ

ဗီဒီယို ပုံစာ, ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံ ကျင်းပ
၇၉ ကြိမ်မြောက် ကုလသမဂ္ဂ ညီလာခံ ကျင်းပ

ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ၇၉ ကြိမ်မြောက် ညီလာခံကြီး အမေရိကန် ပြည်ထောင်စုက နယူးယောက် မြို့မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဆူဒန်၊ ယူကရိန်းနဲ့ အရှေ့အလယ်ပိုင်း ဒေသတွေက တင်းမာမှုတွေ မြင့်တက်နေချိန်မှာပဲ ကမ္ဘာ့ခေါင်းဆောင်တွေလည်း ညီလာခံတက်ဖို့ နယူးယောက်မြို့ကို ရောက်လာကြပြီ ဖြစ်ပါတယ်။ အဲဒီထဲမှာ ညီလာခံမှာ မိန့်ခွန်းပြောကြားဖို့ ရောက်လာတဲ့ ယူကရိန်း သမ္မတ ဇလန်းစကီးလည်း ပါ ပါတယ်။ သူက ရုရှားကို ဘယ်လို အနိုင်ယူမလဲ ဆိုတဲ့ သူ့ အစီအစဉ်တွေကို အမေရိကန်ကို ရောက်ရှိနေတဲ့ ၇ ရက်ကြာ ခရီးစဉ် အတွင်းမှာ ပြောကြားသွားဖို့ ရှိပါတယ်။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်လည်း ညီလာခံ အတွက် သူ့ရဲ့ နောက်ဆုံး မိန့်ခွန်း တခုကို ပြောကြားဖို့ ရှိပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိမ်းစ်လန်ဒေးလ် ရဲ့ သတင်းကို ကိုဝေဖြိုးက ပြောပြမှာပါ။