VOA နဲ့ RFA ရပ်ဆိုင်းခံရနိုင်တဲ့ အခြေအနေကြုံ

ဗီဒီယို ပုံစာ, VOA နဲ့ RFA ရပ်ဆိုင်းခံရနိုင်တဲ့ အခြေအနေကြုံ
VOA နဲ့ RFA ရပ်ဆိုင်းခံရနိုင်တဲ့ အခြေအနေကြုံ

နှစ်ပေါင်း ၈၀ ကျော် ထုတ်လွှင့်လာခဲ့တဲ့ အမေရိကန်အသံ VOA မြန်မာပိုင်းအစီအစဥ်နဲ့ ထုတ်လွှင့်သက်တမ်း နှစ် ၃၀ ကျော်ရှိနေတဲ့ လွတ်လပ်တဲ့ အာရှအသံ RFA သတင်းဌာနတွေ ရပ်ဆိုင်းခံရမယ့်အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီဌာနတွေရဲ့ ရေဒီယိုသတင်းထုတ်လွှင့်မှုတွေက သတင်းမှန်ရဖို့ခက်ခဲတဲ့နေရာတွေမှာ ဘယ်လောက်အရေးပါပါလဲ။ VOA နဲ့ RFA သတင်းဌာနတွေရဲ့ လုပ်ငန်းလည်ပတ်မှုအခြေအနေတွေ ဘယ်လိုဆက်ရှိနေပါသလဲ။ ဒီအကြောင်းကို ကိုမောင် ပြောပြမှာပါ။